Skip to main content

ကြိုဆိုပါတယ်။

ဘော်လ်တီးမိုးကောင်တီ ပြည်သူပိုင်ကျောင်းများသည် ကျောင်းသားပေါင်း ၁၁၅၀၀၀ ကျော်ရှိပြီး ကျောင်းများ၊ အစီအစဉ်များ နှင့် စင်တာပေါင်း ၁၇၅ ခုရှိသည့် မေရီလန်းပြည်နယ်အတွင်း တတိယအကြီးဆုံး ကျောင်းခရိုင်ဖြစ်သည်။ သင့်ကလေး၏ ကျောင်းအကြောင်း အချက်အလက်များ ရှာဖွေရန် ကျောင်း နှင့် ကျောင်း ဝက်ဘ်ဆိုက် တည်နေရာကိုရှာဖွေရန်အတွက် ကျောင်းရှာဖွေရေး ကိရိယာကို အသုံးပြုပါ။

အဝေးမှ လေ့လာသင်ယူမှု

ညွှန်ကြားချက်များရရှိရန် ကျောင်းသားများအနေဖြင့် BCPS One တွင်း လော့ဂ်အင်ဝင်ပါ

ကျောင်း စားဖွယ်သောက်ဖွယ်များ နှင့် ကျောင်းအပ်ခြင်း

နည်းပညာ အထောက်အပံ့

ဘာသာစကား အလှမ်းမှီရရှိရေး အထောက်အပံ့ (Language access support)

  • ဖုန်းဖြင့် ဘာသာစကား ထောက်ကူမှု
  • ဘာသာပြန် ဝန်ဆောင်မှု
  • ESOL မိသားစုနှင့် ကျောင်းအကြား ဆက်သွယ်ပေးသူမှ အသံဖြင့် သတင်းပို့ခြင်း

အခမဲ့ အင်တာနက်

မူကြမ်း ဖာလ် ၂၀၂၀ တွင် ကာ ငိုး ပန်ဖင်ွ ခငိုး

  • အချိန်နှင့် တပြေးညီ ဆရာ/မ ညွှန်ကြားချက်
  • တန်းလုံးပြည့် သင်ခန်းစာများ
  • လူမှု - စိတ်ခံစားမှုပိုင်းဆိုင်ရာ လေ့လာသင်ယူမှု
  • လိုအပ်သလို အုပ်စုငယ်အလိုက် ညွှန်ကြားမှုများ
  • အမှီအခိုမဲ့ လေ့ကျင့်လုပ်ဆောင်မှု
  • အနုပညာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း (PE)၊ ဂီတ နှင့် စာကြည့်တိုက် (မူလတန်း)
  • ကျောင်းတွင်း တိုင်ပင်အကြံပေးသူထံမှ တစ်ဦးချင်း အထောက်အကူ
  • အားလပ်ချိန်များ

ကြိုတင်ချိန်းဆိုချက်ဖြင့် BCPS သို့ လာရောက်ခြင်း

ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံရေး
ဘော်လ်တီးမိုးကောင်တီ ကိုဗစ် - ၁၉ ဟော့တ်လိုင်း - 410-887-3816
ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စင်တာများ (Centers for Disease Control and Prevention)
ဘော်လ်တီးမိုးကောင်တီ အစိုးရ (Baltimore County Government)- ရောဂါရရှိသူများ၊ လိုအပ်ချက်များ၊ အခမဲ့ စစ်ဆေးမှု၊ ဟော့တ်လိုင်း၊ နှင့် အစားအစာ ရင်းမြစ်များ
မေရီလန်း ကျန်းမာရေးဌာန (Maryland Department of Health)

အမြန်ကြည့်ရှုနိုင်သည့် လင့်ခ်များ

  • ဘီစီပီအက်စ် ပြက္ခဒိန် (BCPS Calendar)
  • ESOL ရုံး (ESOL Office)
    ESOL ရုံးက မူလတန်း၊ အလယ်တန်း နှင့် အထက်တန်းအဆင့်များတွင် အခြား ဘာသာစကားပြောဆိုသူများအတွက် အင်္ဂလိပ်ဘာသာစကား လမ်းညွှန်မှု ပေးအပ်ပါသည်။ 
  • ESOL ကြိုဆိုရေး စင်တာ (ESOL Welcome Center)
    ESOL ကြိုဆိုရေးစင်တာက အင်္ဂလိပ် ဘာသာစကားမှလွဲပြီး အခြားဘာသာစကားတစ်ခုအားသန်သည့် ကျောင်းသားများကို အကဲဖြတ်ပေး ပါသည်။ အကယ်၍ သင်သည် ကောင်တီတွင်း အသစ်ရောက်ရှိသူဖြစ်ပါက နှင့် သင်၏ကလေးက အင်္ဂလိပ်ဘာသာစကားမဟုတ်သည့် အခြားဘာသာစကားတစ်ခုပြောပါက သင့်အနေဖြင့် ကျောင်းမအပ်မီ ကြိုဆိုရေးစင်တာသို့ သွားရောက်ရန် လိုအပ်နိုင်ပါသည်။   

ဘာသာစကားနှစ်မျိုးပြောသည့် မိသားစု နှင့် ကျောင်းအကြား ဆက်သွယ်ပေးသူများ နှင့် ဘာသာပြန် ဝန်ဆောင်မှုများ
ဘာသာစကားနှစ်မျိုးဖြင့် မိသားစု နှင့် ကျောင်းအကြား ဆက်သွယ်ပေးသူများက အင်္ဂလိပ်ဘာသာစကားကို ဒုတိယဘာသာစကားအဖြစ် ပြောဆိုသည့် မိသားစုများအတွက် အလုပ်လုပ်ပါသည်။  ကျေးဇူးပြု၍ အပြည်ပြည်ဆိုင်ရာ မိသားစု လက်ကမ်းဝင်ရောက်ရေး ဝက်ဘ်စာမျက်နှာ (the International Family Outreach webpage) တွင်း ဝင်ရောက်ကြည့်ရှုပါ။  
BCPS က ကျောင်းများ နှင့် ရုံးများအတွက် နေရာတွင်တစ်ထိုင်တည်း ဘာသာပြန်ဝန်ဆောင်မှုများကို ဘာသာစကား/ဒေသသုံး ဘာသာစကား အမျိုး ၃၀ ဖြင့် ပေးအပ်ပါသည်။  ဆက်သွယ်ရန် အချက်အလက်များရရှိလိုပါက ကျေးဇူးပြု၍ ဘာသာပြန်ဝန်ဆောင်မှုများ ဝက်ဘ်စာမျက်နှာ (Interpretation Services webpage) သို့ ဝင်ရောက် ကြည့်ရှုပါ။

ဘီစီပီအက်စ် ဝမ်း (BCPS One)

BCPS One သည် BCPS ဝန်ထမ်း၊ ပညာပေးသူများ၊ ကျောင်းသားများ နှင့် မိဘများအတွက် အချိန်မရွေး၊ နေရာမရွေး ရရှိနိုင်သည့် ဒစ်ဂျစ်တယ် ဂေဟစနစ်တစ်ခု ဖြစ်ပါသည်။ BCPS One က သုံးစွဲသူများအား အွန်လိုင်း ကိရိယာများ၊ ရင်းမြစ်များ နှင့် ကျောင်းသားများ တိုးတက်ရေးသို့ အလှမ်းမှီဝင်ရောက်မှုမှတဆင့် ပညာပေး လုပ်ငန်းစဉ်များအတွင်း စေ့စပ်ဆောင်ရွက်ရန် အခွင့်အလမ်းများပေးခြင်းဖြင့် သင်ကြားရေး နှင့် လေ့လာသင်ယူရေးကို အထောက်အကူပေးပါသည်။

Contact BCPS

Baltimore County Public Schools
6901 Charles Street
Towson, Maryland 21204
443-809-4554

Report Fraud, Waste, or Abuse

Contact Leadership

Darryl L. Williams, Ed.D.
Superintendent

E-mail Dr. Williams

Follow @BCPS_Sup

©2020 Baltimore County Public Schools. All rights reserved.

Contact BCPS

twitter facebook Instagram Vimeo flickr BCPS Now Mobile App RSS Feeds BCPS Blog

Team BCPS Newsletter
Baltimore County Public Schools
6901 Charles Street
Towson, Maryland 21204
443-809-4554

Report Fraud, Waste, or Abuse

Darryl L. Williams, Ed.D.
Superintendent

E-mail Dr. Williams

Follow @BCPS_Sup

Site Map | Accessibility

©2020 Baltimore County Public Schools. All rights reserved.